Travelling Journal
တရုတ်ခရီးသွား လူဦးရေ သန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application ကို မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။
“အခု ဒီFliggy Appနဲ့ပတ်သက်ပြီး MOHTကိုတော့ တင်ပြထားပါတယ်။ ဘယ်လိုမျိုးညှိနှိုင်းပြီးလုပ်လို့ရမလဲဆိုတာကို။ ဒီလိုလုပ်ခြင်းကြောင့် တရုတ်zero ပြဿနာလည်း အေးသွားမယ်။do and don’t လဲတရုတ်လို တင်ပေးထားမယ်ဆိုတော့ သူတို့ ရိုင်းတာမျိုးတွေလည်း မရှိလာတော့ဘူးပေါ့။ ဒါကို Tourism MOHT က ပူးပေါင်းဖို့ ၊ ပြောဆိုဖို့လုပ်နေပါတယ်။ Tourism က သူတွေအားလုံးကိုအခမဲ့ကြော်ငြာပေးမယ်။ အားလုံးတိုက်ရိုက်လုပ်လို့ရမယ်။ နိုင်ငံတော်လည်း အခွန်အခရလာမယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ Fliggy Application
အကြောင်း တင်ပြခဲ့သည့် ဒေါ်တင့်တင့်လွင် က Travelling journal သို့ပြောသည်။
လက်ရှိတွင် Fliggy Application ကို စတင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည့် Myanmar partner ရရှိထားသည့် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦး ထွဋ် ဦးယံ ကလည်း မိတ်ဆက်အသုံးပြုနိုင်ရန်
စီစဥ်ဆောင်ရွက်နေကြောင်း Travelling Journal သို့ ပြောသည်။
အဆိုပါ အွန်လိုင်းခရီးသွားဝန်ဆောင်မှုပေးသည့် Wesite သည် Alibaba ၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၌ လူကြည့်များသော Wesite တစ်ခုဖြစ်ကြောင်း သိရသည်။
’’တရုတ်မှာ Ctrip ရှိတယ်၊ Fliggyရှိတယ်။တခြားဟာရှိတယ်။ ညှိကြည့်သေးတယ်၊ ကိုယ့်နိုင်ငံက ခရီးစဉ်ကို ကိုယ်ကိုယ်တိုင် တင်ချင်တယ်။ တင်လို့ရမလား၊ ဟို ကကြည့်တဲ့သူတွေက တိုက်ရိုက်ကြည့်တာ။ ကျိုက်ထီးရိုး တစ်ညအိပ်တွေ့တယ်။ သူတို့ စိတ်ဝင်စားရင် တိုက်ရိုက်ဝယ်ကြမယ်။ သူတို့က ဒါကို ကြိုက်လိုက်လို့ ဝယ်လိုက်ပြီ။ အဲဒီလို ကြော်ငြာရင် ဧည့်သည်တွေ တိုက်ရိုက်ရောက်မယ်။ ဇီးရိုးဘတ်ဂျတ်လည်းလျှော့နိုင်မယ်။ အဲဒီဝက်ဆိုဒ်မှာ ကြော်ငြာခွင့်ရရင် အရမ်းကောင်းတယ်။ ထိန်းနိုင်သလောက် ထိန်းနိုင်သွားမယ်။အဆိုးဆုံးပြဿနာက ငွေပေးချေမှုပြဿနာ။ ကိုယ်တွေဆီ ဘယ်လိုပုံစံနဲ့ရောက်မလဲဆိုတာက အရေးကြီးပါတယ်။ ဒီပေါ်မှာတင်လိုက်ရင် ဘယ် ဘဏ်နဲ့ သွားချိတ်မလဲပေါ့။ ဘယ်ဘဏ်နဲ့ချိတ်ဆက်ပြီး Exchange လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်တာ ’’ဟု Spring Travel & Tour မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့် က Travelling journal သို့ပြောသည်။
၂၀၁၆ ခုနှစ် တွင် Fliggy ၌ အသုံးပြုသော ဟိုတယ် ၃၀၀ ကျော်ရှိသည့်အတွက် တရုတ်တွင် အခွန်ငွေ ၇၃၆၀၀၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် Fliggy ကို တရားဝင်ရုံးချုပ်ထားရှိမည်ဖြစ်ကာ ဟိုတယ်၏ သဘောတူညီချက် မပါဘဲ ဈေးနှုန်းပြောင်းလဲ သတ်မှတ်မည် မဟုတ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံတွင် အသုံးပြုသူ တစ်ဘီလံယံရှိသည့် Alipay Platform မှချိတ်ဆက် ရရှိနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် alipay နှင့် Fliggy မှတဆင့် မြန်မာနိုင်ငံအား တိုက်ရိုက် ပရိုမို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်တည်းခိုသော တရုတ်ခရီးသွား ၇၄၉,၇၁၉ ရှိပြီး ၂၀၁၈ ခုနှစ် ကထက် ၁၅၂ ရာခိုင်နှုန်း မြှင့်တက်လာမှုရှိခဲ့သည်။ လက်ရှိတွင် Fliggy App ကိုအသုံးပြုသူ (၃၀၀ ) မီလီယံ ရှိသည့်အတွက် ဟိုတယ်များ ခရီးသွား ကုမ္ပဏီ များအနေဖြင့် ယင်းကို အသုံးပြုမည်ဆိုပါက တရုတ်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ပိုပြီး တိုးတက် လာမည်ဖြစ်သည်။