တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် သရပါ ဟိုတယ် ပြန်လည် ဖွင့်လှစ်

#TravellingJournal တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ပုဂံရှေးဟောင်း မြို့တွင်းက သရပါဟိုတယ်အား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ဟိုတယ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သရပါဟိုတယ်မှ တာဝန်ရှိသူ တစ်ဦ ...

#TravellingJournal

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ပုဂံရှေးဟောင်း မြို့တွင်းက သရပါဟိုတယ်အား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ဟိုတယ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သရပါဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

ဟိုတယ်အခန်းပေါင်း ၈၀ ကျော်ရှိသော်လည်း လက်ရှိ အခန်း ၃၀ ကိုသာ ဖွင့်လှစ်ပေးထားသလို ဟိုတယ်အခန်းခနှုန်းထားများကို ၅၀ ရာခိုင်နှုန်း ဝန်းကျင်ထိ လျော့ချ ပေးထားကြောင်း သိရသည်။

” စက်တင်ဘာ ၂၀၂၀ က ပိတ်ထား တာ။ တစ်နှစ် ကျော် ကြာ ပိတ်ထားခဲ့တယ်။ အခုလက်ရှိ တော့ အခန်း၃၀ ပဲဖွင့်ပေးပါတယ်။အခန်း ခ လျှော့ချ ထားတယ်။ Promotion ကာလ က ဇန်နဝါရီ လောက်ထိတော့ ရှိပါတယ်။ ကျွန်တော်တို့ ဆီ Christmas နဲ့ New year ကာလ မှာ ဟိုတယ်အခန်း ခ တွေကို ထပ်ပြီး စျေးတတ် ခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် နားက စားသောက် ဆိုင် တွေ လည်း အကုန်ဖွင့် တယ်။ မြင်းလှည်း တုတ်တုတ် လည်း ငှားလို့ ရတယ်။ ဧရာဝတီမြစ်ထဲတလျှောက် ပုဂံ အလှကို စက်လှေနဲ့ ကြည့်နိုင်ပါတယ်။ မြို့ဟောင်းထဲဆိုတော့ ဘုရားတွေ ဆီ သွားရတာ အရမ်း နီးပါတယ် “ဟု သရပါဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။

လက်ရှိတွင် သရပါဟိုတယ်၏ အခန်းခ နှုန်းထားများကို Deluxe Room (နှစ် ယောက်ခန်း) တစ်ညလျှင် ကျပ် ခြောက်သောင်း ၊ မိသားစု ၄ ဦးအထိ တည်းခိုလို့ ရသည့် Family Room အခန်းကို တစ်ညလျှင် ကျပ် တစ်သိန်း
နှစ်သောင်း ဖြစ် သတ်မှတ်ထားပြီး Extra Bed တစ်ဦးလျှင် ကျပ် သုံးသောင်း သတ်မှတ်ပေးထားကြောင်း သိရသည်။

ထို့ပြင် ဟိုတယ်အခန်းခများကို Bank Transfer ဖြင့် ငွေပေးချေနိင်သလို KBZ Pay, CB Pay မှလည်း ငွေပေးချေနိုင် ကြောင်းသိရသည်။

ပုဂံရောက်ပြီဆိုပါ က ပြည်တွင်းခရီးသွား အများစု သွားလည်ကြသည့်နေရာများမှာ ပြည့်ငါးပြည့်၊ စွယ်တော်လေးဆူ ၊နတ်ရေကန် ၊ဇီအို နတ်ထိန်းတော၊မန်ကျီးကိုးခွ ၊ထန်းကိုးမွှာ၊ အညာ ထန်းတောများနှင့် ပုပ်ပါးတောငျ သို့ သွား ရောက် လည်ပတ်ကြောင်း သိရသည်။

#ZawgyiVersion

တစ္ႏွစ္ေက်ာ္ၾကာ ပိတ္ထားခဲ့သည့္ ပုဂံေရွးေဟာင္း ၿမိဳ႕တြင္းက သရပါဟိုတယ္အား ဒီဇင္ဘာ ၁၅ ရက္မွ စတင္ကာ ဟိုတယ္ကို ျပန္လည္ ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္း သရပါဟိုတယ္မွ တာဝန္ရွိသူ တစ္ဦးက Travelling journal သို႔ ေျပာသည္။

ဟိုတယ္အခန္းေပါင္း ၈၀ ေက်ာ္ရွိေသာ္လည္း လက္ရွိ အခန္း ၃၀ ကိုသာ ဖြင့္လွစ္ေပးထားသလို ဟိုတယ္အခန္းခႏႈန္းထားမ်ားကို ၅၀ ရာခိုင္ႏႈန္း ဝန္းက်င္ထိ ေလ်ာ့ခ် ေပးထားေၾကာင္း သိရသည္။

” စက္တင္ဘာ ၂၀၂၀ က ပိတ္ထား တာ။ တစ္ႏွစ္ ေက်ာ္ ၾကာ ပိတ္ထားခဲ့တယ္။ အခုလက္ရွိ ေတာ့ အခန္း၃၀ ပဲ
ဖြင့္ေပးပါတယ္။အခန္း ခ ေလွ်ာ့ခ် ထားတယ္။ Promotion ကာလ က ဇန္နဝါရီ ေလာက္ထိေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဆီ Christmas နဲ႕ New year ကာလ မွာ ဟိုတယ္အခန္း ခ ေတြကို ထပ္ၿပီး ေစ်းတတ္ ျခင္း မရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္ နားက စားေသာက္ ဆိုင္ ေတြ လည္း အကုန္ဖြင့္ တယ္။ ျမင္းလွည္း တုတ္တုတ္ လည္း ငွားလို႔ ရတယ္။ ဧရာဝတီျမစ္ထဲ
တေလွ်ာက္ ပုဂံ အလွကို စက္ေလွနဲ႕ ၾကည့္နိုင္ပါတယ္။ ၿမိဳ႕ေဟာင္းထဲဆိုေတာ့ ဘုရားေတြ ဆီ သြားရတာ အရမ္း နီးပါတယ္ “ဟု သရပါဟိုတယ္မွ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ ေျပာသည္။

လက္ရွိတြင္ သရပါဟိုတယ္၏ အခန္းခ ႏႈန္းထားမ်ားကို Deluxe Room (ႏွစ္ ေယာက္ခန္း) တစ္ညလွ်င္ က်ပ္ ေျခာက္ေသာင္း ၊ မိသားစု ၄ ဦးအထိ တည္းခိုလို႔ ရသည့္ Family Room အခန္းကို တစ္ညလွ်င္ က်ပ္ တစ္သိန္း
ႏွစ္ေသာင္း ျဖစ္ သတ္မွတ္ထားၿပီး Extra Bed တစ္ဦးလွ်င္ က်ပ္ သုံးေသာင္း သတ္မွတ္ေပးထားေၾကာင္း သိရသည္။

ထို႔ျပင္ ဟိုတယ္အခန္းခမ်ားကို Bank Transfer ျဖင့္ ေငြေပးေခ်နိင္သလို KBZ Pay, CB Pay မွလည္း ေငြေပးေခ်နိဳင္ ေၾကာင္းသိရသည္။

ပုဂံေရာက္ၿပီဆိုပါ က ျပည္တြင္းခရီးသြား အမ်ားစု သြားလည္ၾကသည့္ေနရာမ်ားမွာ ျပည့္ငါးျပည့္၊ စြယ္ေတာ္ေလးဆူ ၊နတ္ေရကန္ ၊ဇီအို နတ္ထိန္းေတာ၊မန္က်ီးကိုးခြ ၊ထန္းကိုးမႊာ၊ အညာ ထန္းေတာမ်ားႏွင့္ ပုပ္ပါးတောင် သို႔ သြား ေရာက္ လည္ပတ္ေၾကာင္း သိရသည္။

#Photo – သရပါဟိုတယ်