ဆေးရုံများတွင် လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် မှ လှူဒါန်း

Travelling journal ဆေးရုံကြီးများနှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် ဦးသန်းရွှေကNine COVID Team အဖွဲ့သို့ ...

Travelling journal

ဆေးရုံကြီးများနှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် ဦးသန်းရွှေကNine COVID Team အဖွဲ့သို့ လှူဒါန်းပေးခဲ့ကြောင်း
သိရသည်။

လက်ရှိတွင် ဆေးရုံကြီးများ နှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator များ အတွက် အလှူရှင် များကလည်း တတ်နိုင်သည့်ဘက်များမှ ပံ့ပိုးကူညီပေးနေခြင်းဖြစ်သည်။

အောက်တိုဘာ ၅ ရက် မနက်ပိုင်း တွင် ပုဂံအခြေစိုက် Crown Prince Hotel ပုဂံ မှ Oxgyen Concentrator (၅) လုံး အား လှူဒါန်းပေးခဲ့သလို မိဘနှစ်ပါးအား အမှုးထားပြီး အလှူရှင် ဒေါ်လှမြင့် မိသားစုကလည်း Oxgyen Concentrator (၆) လုံး ကို လည်း လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့ Nine Covid Team အဖွဲ့ကို လာရောက်လှူဒါန်းပေးခဲ့တဲ့အလှူရှင်တွေက ပထမလှိုင်းတုန်းက အလှူရှင် ၃၀၀ ကျော်ရှိခဲ့တယ်။ အခု ဒုတိယလှိူင်းမှာကျတော့ အလှူရှင် ၂၀၀ ကျော်သွားပြီ”ဟု Nine Covid Team အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးခင်အောင်ထွန်း က Travelling journal သို့ ပြောသည်။

အဆိုပါ Nine Covid Team အဖွဲ့သည် Tourism ၊Hotels & Restaurants လုပ်ငန်းရှင်များ နှင့် မိတ်ဆွေသူငယ်ချင်းများမှ မြန်မာပြည်တွင် COVID-19 ပထမလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက် မတိုင်မှီ မတ်လ (၂၀) ရက်နေ့တွင် ရင်ဘတ်ချင်းတူသူများ အချို့နှင့်စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ခုဖြစ်ကြောင်းသိရသည်။