ခရီးသွားစီးပွားရေးပုံစံသစ် ပြောင်းလဲရန် လိုအပ်နေ

အင်းဝမြိုဟောင်းရှိ ဗားဂရာကျောင်းတော်ကြီးသိူ့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်များကိုတွေမြင်ရစဥ် Travelling journal လက်ရှိ အတိုင်းသွားနေသည့် ခရီးသွား လုပ်ငန်းကို ပိုပြီးတိုးတက်အောင်မြင်လာစ ...
အင်းဝမြိုဟောင်းရှိ ဗားဂရာကျောင်းတော်ကြီးသိူ့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်များကိုတွေမြင်ရစဥ်

Travelling journal

လက်ရှိ အတိုင်းသွားနေသည့် ခရီးသွား လုပ်ငန်းကို ပိုပြီးတိုးတက်အောင်မြင်လာစေလိုပါက ခရီးသွား စီးပွားရေးပုံစံသစ်ကို ပြောင်းလဲလုပ်ကိုင်သင့်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက Travelling journal သို့ ပြောသည်။

ခရီးသွားစီးပွားရေးပုံစံမျိုးကို ထည့်သွင်း​စဉ်းစားပေးရမည်ဖြစ်သလို တစ်ဖက်တွင် သဘာဝတရား မပျက်စီး စေခြင်းနှင့် ယဥ်ကျေးမှု ကိုလည်း မပျက်စီးအောင် ထိန်းသိမ်း လုပ်ဆောင်နိုင်မှသာ ရေရှည်အောင်မြင်မည့် ခရီးသွား လုပ်ငန်းဖြစ်လာမည်ဟု ဒေါ်မေမြတ်မွန်ဝင်းက သုံးသပ် ပြော ကြားသည်။

“ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးက Story Telling ကုန်ကြမ်းတွေပါ။ အကြောင်း ကြောင်းကြောင့်
ဒီနေ့ထိ Tourism Product တခု ဖြစ်မလာခဲ့ဘူး။ မြို့နယ်အလိုက် တိုင်းနဲ့ ပြည်နယ်အလိုက် ခရီးသွားစီးပွားအတွက် အလားအလာတွေကို အုပ်ချုပ်သူတွေရော ပြည်သူတွေပါ နားလည်လာတဲ့တနေ့ မြန်မာ့နိုင်ငံရဲ့ အဓိက ဝင်ငွေဟာ ခရီးသွားကနေ ရှာနိုင်လာပါလိမ့်မယ်။ ဆန် တစ်တန် စိုက်ပြီးရောင်းမှ ဒေါ်လာ ၃၀၀ ရတာပါ။ မန္တလေးမှာ ခရီးသွားဧည့်သည်တယောက်ကို နှစ်ည အိပ်ခိုင်းနိုင်ရင် အဲဒီ ဆန်တစ်တန် ဖိုး ဝင်ငွေ ရပါပြီ”ဟု ဂျပန်ခရီးသွား စျေးကွက်ကို လုပ်ဆောင်နေသည့်VIVO Myanmar DMC ကုမ္ပဏီ မှ CEOဖြစ်သူဦးရဲထွန်းဦးက ပြောသည်။

လက်ရှိ တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ လည်း သက်ဆိုင်ရာဒေသအလိုက် ခရီးစဥ် သစ်များ ဖော်ဆောင်ရေးနှင့် ခရီးသွားများဝင်ရောက်မှု ပိုမိုတိုးတက်လာစေရန် DMOအဖွဲ့အစည်းများကို ဖွဲ့စည်းထားနေပြီးဖြစ်ကြောင်းသိရသည်။

ထို့​ပြင် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတတ်လာစေရန် CBT ကျေးရွာ များကို ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အကောင် အထည်ဖော်ဆောင် ထားသော်လည်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးသည့် CBT ကျေးရွာ များ ရှိနေသေးကြောင်း စုံစမ်း သိရသည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီ အများစုမှာ ရှိပြီးသားခရီးစဥ်များကိုသာ ရောင်းချနေဆဲအနေအထားများသာရှိနေပြီး ခရီးသွား အကြိုက် ခရီးစဥ် Package များကို အသစ်ဖန်တီးရန် လိုနေကြောင်း သိရသည်။

“တိုးရစ်တွေတော့ သွားနေတယ်။လမ်းမှာ သူ့တို့အိတ်ထဲက ပိုက်ဆံမသုံးနိုင်ဘူးဖြစ်နေတာတွေ ရှိနေတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ မေမြတ်မွန်ဝင်း က ဆိုသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Photo Travelling journal