ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွားဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာ

#Travelling journal ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွား ဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ကြောင်း MTB ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။ မြန်မာ ...

#Travelling journal

ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွား ဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ကြောင်း MTB ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

မြန်မာ့ခရီးသွား ဘဏ်စတင်တည်ထောင်ခဲ့စဥ်ကကျပ်၂၀ ဒဿမ၂၂ ဘီလီယံဖြင့် မတည်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်လကျော်က နိုင်ငံခြားငွေဖြင့်သုံး သည့်ဝန်ဆောင်မှုများကို ပြုလုပ်ရန်အတွက် US 5 Million ကို ထပ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။

” နိုင်ငံခြားငွေ လုပ်ဖို့ဆိုပြီး US 5 Million နဲ့ ညီမျှတဲ့ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်ရတယ်။လက်ရှိ ရှယ်ယာရှင် အားလုံးပေါင်း၂၄ ဦးရှိပါတယ်။ ဒီ၂၄ ဦးကနေ နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ပါတယ်။အခုတော့ ဗဟိုဘဏ်က နေ ခွင့်ပြုချက်ကျပါပြီ။ ခွင့်ပြုလိုက်ပါပြီ”ဟု ဒုတိယ ဥက္ကဋ္ဌဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

လက်ရှိတွင် မြန်မာ့ခရီးသွား ဘဏ်တွင် ထည့်ဝင်ငွေကျပ် ၃၀ ဘီလီယံကျော်သွားပြီ ဖြစ်​ပြီး ဘဏ်အနေဖြင့် စျေးကွက် ချဲ့ထွင် ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

” စျေးကွက် ချဲ့တာက နိုင်ငံခြားငွေနဲ့သုံးတဲ့ဝန်ဆောင်မှု အားလုံးဆောင်ရွက်မယ်။ နိုင်ငံခြားဘဏ်တွေနဲ့ဆက်သွယ်မယ်။ နိုင်ငံခြားငွေနဲ့ပေးချေရတဲ့ ဝန်ဆောင်မှုအားလုံးကို လုပ်ဖို့ ခွင့်ပြုချက် ရရှိထားပြီ”ဟု ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

မကြာခင်ဖွင့်လှစ်မည့် ရွှေဂုံတိုင်ဘဏ်ခွဲတွင် International Banking Department ကို ထားရှိပြီး ဝန်ဆောင်မှုများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။