ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြား မှန်တံတား ထိုးမည်

ယဉ်ယဉ်လှ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊နောင်ချိုူ မြို့နယ် ရှိ ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြားကို မှန်တံတား ထိုးရန် လုပ်ငန်းစီမံချက် တင်ပြလာသူ ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ ...

ယဉ်ယဉ်လှ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊နောင်ချိုူ မြို့နယ် ရှိ ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြားကို မှန်တံတား ထိုးရန် လုပ်ငန်းစီမံချက် တင်ပြလာသူ ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် က Travelling Journal သို့ ပြောသည်။

ရှေးဟောင်း သမိုင်းဝင် ကမ္ဘာ့ အသိအမှတ်ပြု အမြင့်ဆုံး နှင့် ဒုတိယ အရှည်ဆုံး တောင်ကြော ပြတ် ဂုတ်ထိပ်တံတား မီးရထားလမ်း၏ ၁. ၇၅ ကီလိုမီတာ အနီး ဝန်းကျင်တွင် မှန်တံတား စီမံကိန်းကို ( Glass Plank Walkway ) ကို ဆောင်ရွက်ရန် သက်ဆိုင်ရာများမှ ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် ကTravelling Journal သို့ ပြောသည်။

” မူဆယ်ဘက်က လုပ်ငန်းရှင်တစ်ယောက်ပါ။ အဲဒီလုပ်ငန်းရှင်က မှန်တံတား လုပ်ဖို့ တင်ပြလာပါတယ်။ အဲဒီမြေတွေက သစ်တောမြေ ဖြစ်နေလို့ လက်ရှိမှာတော့ ညှိနှိုင်းဆွေးနွေးနေပါတယ်” ဟု၎င်း က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် ဟိုတယ်ခရီးအနေဖြင့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလာရန်နှင့် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ် နေသလို နိုင်ငံတကာ အဖွဲ့စည်းများဖြင့်လည်း ဆောင်ရွက်နေသည့် ကဏ္ဍများလည်း ရှိနေကြောင်းသိရသည်။

ထို့အပြင် ကရင်ပြည်နယ်၏ အထင်ရှားဆုံးဖြစ်သည့် ဆံတော်ရှင်ဇွဲကပ င်တောင်ပေါ်တွင်လည်း မှန်သားကြမ်းခင်းဖြင့်ပြုလုပ်ထားသည့် မှန်တံတားကိုလည်း ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။

Travelling_Journal/Vol_1_Issue_1

Photo_ဟိုတယ်/ခရီးညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)