MKT
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်းခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်သွား
မည်ဖြစ်သလိုဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးနေဝင်း က Travelling Journal သို့ ပြောသည်။
မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းမှ တိုင်းဒေသကြီး အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းခြေကိစ္စ များကိုအမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း၎င်းက ပြောသည်။
“ကမ်းခြေ ကိစ္စတွေကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ အမျိုးသားအဆင့်ဗဟိုကို မူအားဖြင့်အတည်ပြုချက် ရယူထားပါတယ်။ သူတို့ကလည်း ချုပ်ကိုင်တာမဟုတ်ဘူး။ လွဲချော်သွားမှာစိုးလို့ ပါ။ တိုင်းဒေသကြီး သဘောထားအတိုင်း လုပ်ခွင့်ပေးတယ်။ အတည်ပြုချက်ရရင်တော့ မကြာတော့ပါဘူး။ ပိတ်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအခါ ပြည်သူကို ပန်ကြားသွားမှာပါ “ဟု ဦးနေဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ လူနာနှစ်ဦးကို မတ်လ ၂၃ ရက် တွင် စတင်တွေ့ရှိပြီဖြစ်သောကြောင့် ယခုကဲ့သို့ လည်း ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
” ချောင်းသာ ကမ်းခြေဒေသက ဒေသခံ ပြည်သူလူထုကလည်း မနေ့ကကတည်းက လူ ၁၇၀၀ ဝန်းကျင်က မနေ့ကတည်းက ပိတ်သိမ်းဖို့ တောင်းဆိုထားတာလည်းရှိပါတယ်။ ဒီရောဂါမတွေ့ခင်ကလတ်မှတ်တွေထိုးထားပြီး
တင်ပြထားတာပါ။ သူတို့ကလည်း စိုးရိမ်လို့ တင်ပြလာပါတယ်။ မနေ့က ညက နှစ်ယောက်ဆိုတာကို သိရတော့
ဒီမနက်မှာ တိုင်း အစိုးရရဲ့သဘောထားက အတည်ပဲ။ ပိတ်သိမ်းဖို့အစီအစဉ်သဘောတူတယ်။ ဒါ့ပြင် ကမ်းခြေအားလုံးမှာ ရှိတဲ့ သာသနိက အဆောက်အုံ ဟိုတယ်၊ တည်းခိုခန်း တွေကိုလည်း ဧပြီ ၃၀ ရက်အထိ ပိတ်သိမ်းသွားဖို့လည်း ညွှန်ကြားသွားမှာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးဦးနေဝင်း က Travelling Journal သို့ ပြောကြားသည်။