လုံ/တည် အစည်းဝေး ဆုံးဖြတ်ချက်ဖြင့် မချမ်းဘော့မြို့အတွင်းရှိ နေရာတချို့ ပြည်ပခရီးသွားများ လည်ပတ်နိုင်ပြီ

အိမ့်ချစ်ပို ယခင်က နိုင်ငံခြားသားလည်ပတ် ခွင့်ပိတ်ပင်ထားသည့် မချမ်းဘော့မြို့နယ် အတွင်းရှိ နေရာတချို့အား လုံ/တည် အစည်းအဝေးဆုံးဖြတ်ချက်အရသွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ကချင် ပြည်နယ် ဟိုတယ်/ ခ ...

အိမ့်ချစ်ပို

ယခင်က နိုင်ငံခြားသားလည်ပတ် ခွင့်ပိတ်ပင်ထားသည့် မချမ်းဘော့မြို့နယ် အတွင်းရှိ နေရာတချို့အား လုံ/တည် အစည်းအဝေးဆုံးဖြတ်ချက်အရသွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ကချင် ပြည်နယ် ဟိုတယ်/ ခရီးတာ၀န်ခံ ဦးခိုင်၀င်း က ပြောသည်။


မချမ်းဘော့မြို့နယ်အတွင်းရှိ နတ်ကျွန်း၊ ကျောက်နဂါး၊ ဂူဘား၊ နမ့်ခမ်းရေ တံခွန် စသည့်နေရာများကို ပြည်ပဧည့်သည် များ လည်ပတ်ခွင့်ပြုထားပြီဖြစ်သည်။

လုံ/တည်အစည်းဝေးမှာတော့ ယခင်က ကန့်သတ်ထားတားတဲ့ အဲဒီ နေရာတွေကို ပယ်ဖျက်ပေးထားတယ်။ ဒါပေမဲ့ လုံခြုံရေးအရ ကာကွယ်ရေးနဲ့ ပြည်ထဲရေးက ကန့်သတ်ခဲ့တာ။ သူတို့က တော့ စာထုတ်ပြန်တာမျိုးမရှိသေးဘူး။ လုံ/တည်အစည်းဝေး ဆုံးဖြတ်ချက်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဆီကိုတော့ စာရောက်ပြီ။ ကျွန်တော်တို့ကို အစည်းဝေးဆုံး ဖြတ်ချက်အရ အသိပေးထားတာတော့ရှိ ပါတယ်။ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက နေ တရား၀င်စာထွက်လာမှသာ လုပ်ငန်း ရှင်တွေကို ချပြလို့ရမှာ။ လောလောဆယ် တရား၀င်ချမပြသေးဘူး။ လုံတည်အစည်း ဝေးဆုံးဖြတ်ချက်နဲ့ သွားလို့ရတယ်ဆိုတာ လောက်ပဲ မက်ဆေ့ခ်ျပေးထားတယ် ညဟု ကချင်ပြည်နယ်ဟိုတယ်/ ခရီးတာ၀န်ခံ ဦးခိုင်၀င်းက ပြောသည်။

မချမ်းဘော့မြို့နယ်အတွင်း လည် ပတ်လိုသည့် ပြည်ပခရီးသွား များအတွက် သက်ဆိုင်ရာခရီးသွားကုမ်္ပဏီများမှ ကချင် ပြည်နယ် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက်္ကဋ္ဌသို့တင်ပြပြီး သွားရောက် လည် ပတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားအခြေစိုက် ကုမ်္ပဏီများမှရေခဲတောင်ခရီးစဉ်များ ကို ပြည်တွင်းခရီးသွားများကို ပို့ဆောင်ပေးနေ ပြီဖြစ်ပြီး ပြည်ပခရီး. သွားများအနေဖြင့် ပူတာအိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာသို့ သွား ရောက် လည်ပတ်ခွင့်ကို ကန့်သတ်ထားသည်။

Travelling_Journal/Vol_1_Issue_18

Photo_Internet