လားဟူတိုင်းရင်းသားများနေထိုင်သည့် ဟာကြားခိုင်ရွာကိုတွေ့ရစဥ်

#TravellingJournal ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ရှိ လားဟူ တိုင်းရင်းသား များနေထိုင်သည့်ဟာကြားခိုင် တောင်ပေါ်ရွာလေး မှာ ရေ အခက်အခဲရှိနေကြောင်း ရေရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ...

#TravellingJournal

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ရှိ လားဟူ တိုင်းရင်းသား များနေထိုင်သည့်ဟာကြားခိုင် တောင်ပေါ်ရွာလေး မှာ ရေ အခက်အခဲရှိနေကြောင်း ရေရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာနန်းမားလားဝမ်း က Travelling journal သို့ ပြောသည်။

အဆိုပါ ရွာလေးသို့ မတ်လပိုင်း က သွား ရောက် ကွင်းဆင်း ခဲ့ပြီးနောက် လက်ရှိတွင် ရေကန်နှစ်ကန် တည် ဆောက် ပေးရန် လျာထား ကြောင်း သိရသည်။ ဟာကြားခိုင် တောင်ပေါ်ရွာမှာ ရွာသစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ (၂၂) အိမ် ရှိကြောင်း သိရသည်။

ရွာ၏ ထူးခြားချက်မှာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တစ်ခု ရှိပြီး တနေ့လျှင် နှစ်ကြိမ် ဆေးဖြတ်စခန်း သို့ လာရောက်ပြီး ဆုတောင်းလေ့ရှိ ပြီး ခေတ်မီဆေးဝါးများနှင့် ကုသဖြတ်ခြင်းမျိုးမဟုတ်ဘဲ မိမိ၏ စိတ် ဓာတ် ခိုင်မာမှု
ယုံကြည်ချက်ဖြစ် ဆေးဖြတ်ချင်း မျိုးဖြစ်ကြောင်း
သိရသည်။

အဆိုပါ ရေကန် နှစ်ခုကို ရွာတွင် တစ်ခု တည် ဆောက် မည် ဖြစ်သလို ရေထွက်သည့်နေရာအနီး၌ ရေသိုလှောင်ရန်အတွက် တစ်ခုတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရေလှူဒါန်းလိုသည့် ရေအလှူရှင်အဖြစ် လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း ဒေါက်တာ နန်းမားလားဝမ်း က Travelling journal သို့ ပြောသည်။