Travelling journal
ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့နယ်များအပြင် ရှမ်းအရှေ့ပိုင်းနှင့်ရှမ်းမြောက်ပိုင်းတို့ကိုပါ ခရီးသွား လာလည်ပတ်ခွင့်ကို ရရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ တောင်ကြီးရုံးခွဲတာဝန်ခံ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။
” ရှမ်းပြည်နယ် ကိုဗစ်ကော်မတီ ကနေဖြေလျော့ပေးလိုက်ပါပြီ။ ဒီနေ့ကစပြီး Q ဝင်စရာမလိုတော့ပါဘူး။ရှမ်းတောင်တစ်ခုလုံး ရပါပြီ ။ရှမ်းရှေ့လည်းရပါပြီ။ ရှမ်းမြောက်လည်းပါပါတယ်။ တစ်ခုတော့ရှိပါတယ်။ပြည်ပက လူတွေဆိုရင်တော့ Qဝင်ရပါမယ်။ ကိုယ့်ပြည်တွင်းကတော့မလိုပါဘူး”ဟု၄င်းက ပြောသည်။
ထို့အပြင် မေလ ၃၀ ရက် က ကလောမြို့နယ် ခန်းမ ၌ ပြုလုပ်ခဲ့သည့် မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ ညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည့် ရလာဒ်တစ်ခုအဖြစ် ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့သို့ Quarantine ဝင်စရာမလိုပဲ လာရောက် လည်ပတ်နိုင်ခွင့် ရရှိပြီးဖြစ်သည်။
လက်ရှိတွင် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ သတိပေးလမ်းညွှန်ချက်များကို ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်းနှင့်ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ ၏ ကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးမှု အသိအမှတ် ပြု လတ်မှတ်များကို လည်း ရရှိထားပြီးဖြစ်သည်။