Travelling journal
မဟာဗောဓိမြိုင်ဆရာတော် ဘုရား အား ယနေ့ စက်တင် ဘာ ၂၅ ရက် နံနက်ပိုင်းက လူတစ်ထောင်ကျော် လာရောက် ဖူးမြှော် ကြည်ညိုခဲ့ကြောင်း သွားရောက်ဖူးမြှော်ခဲ့သည့် ဦးကျော်ညီညီလတ်က Travelling journal သို့ ပြောသည်။
ယနေ့ နံနက်ပိုင်းက ဆရာတော်ဘုရားအား ရွာခံများသာမက နယ်ပေါင်းစုံ မှ ဘုရားဖူးများမှ လာရောက်ဖူးမြှော်ကြည်ညို ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့မှ လာရောက်ဖူးမြှော်လိုသည့်ဘုရားဖူးများအတွက် ရွှေဘို သို့ နှစ်နာရီခွဲခန့်ကားမောင်းလာနိုင်ပြီး ရွှေဘို – မြစ်ကြီးနားလမ်းအတိုင်း မောင်းနှင်ပါက မင်းဘိသိက်ခံဘုရား နတ်တလူသာသနာပြုစခန်း အဝင်မုဒ်ဦးမှ တဆင့် ဆရာတော်ဘုရားအားဖူးမြော်ရန် တထောက်နားစခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တထောက်နားစခန်းသို့ ရောက်ရှိပါကလူစာရင်း ပေးရမည်ဖြစ်ကာ အခမဲ့ နားနေဆောင်များတွင် တည်းခိုနိုင်သလို ည ၈ နာရီ အချိန်ထိ ထမင်းဟင်း (အခမဲ့) ကျွေးမွေးကြောင်းသိရသည်။ အဆိုပါ
တထောက် နားစခန်းသို့ နောက်ကျမှ ရောက်ပါကနေရာမရဖို့များကြောင်း ဆရာတော်အား သွားရောက်ဖူးမြှော်ခဲ့သူ တစ်ဦးက Travelling journal သို့ ပြောသည်။
ထို့ပြင် ဆရာတော်ဘုရားအား သွားရောက်ဖူးမြှော်လိုကြသည့်ဘုရားဖူးများအတွက် ပြည်တွင်းခရီးသွားလုပ်ကိုင်နေသူတစ်ချို့က အောက်တိုဘာလမှစတင်ပြီး နှစ်ညအိပ် သုံးရက် ခရီးစဥ်များဖြင့် ပို့ဆောင်ပေးရန် စီစဥ်လာကြောင်း သိရသည်။