မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဘုရင့်ကာကွယ်တောကို အစိုးရပိုင်သစ်တောအဖြစ်ပြောင်းလဲပြီးပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်

တိုးဝင်းလွင် ထိုင်းနယ်စပ်၊ မယ်ဟောင် ဆောင်ခရိုင်အတွင်းရှိ ဘုရင့် ကာကွယ်တောကို အစိုးရပိုင် သစ်တောအဖြစ် ပြောင်းလဲပြီး ပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကယားပြည်နယ်ဟိုတယ်/ခရ ...

တိုးဝင်းလွင်

ထိုင်းနယ်စပ်၊ မယ်ဟောင် ဆောင်ခရိုင်အတွင်းရှိ ဘုရင့် ကာကွယ်တောကို အစိုးရပိုင် သစ်တောအဖြစ် ပြောင်းလဲပြီး ပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကယားပြည်နယ်ဟိုတယ်/ခရီး တာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ဂျာနယ်သို့ ပြော သည်။

အဆိုပါနယ်စပ်ဂိတ်ဖွင့်လှစ် ရန်အတွက် ကယားပြည်နယ်ဘက် ခြမ်းရှိ လမ်းများပြုပြင်မှုပြီးစီး သော်လည်း မယ်ဟောင်ဆောင် ဘက်မှ ခင်းရန်ကျန်ရှိနေသည့် ၉ ဒသမ ၇ ကီလိုမီတာမှာ ဘုရင့်ကာကွယ်တော ဖြစ်နေသည့် အတွက်ပြင်ဆင်ရန် ခက်ခဲနှောင့် နှေးနေရခြင်းဖြစ်ကြောင်း သိရ သည်။

“ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်း ဝန်ကြီးချုပ်ကို မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက ဘုရင့်ကာကွယ် တောကို ရိုးရိုးအစိုးရပိုင်သစ်တော ကာကွယ်တောအနေနဲ့ပဲပြောင်း လဲသတ်မှတ်ပေးဖို့ တင်ပြခဲ့တယ်။ အဲ့လမ်းကလည်း တော်တော်လေး ကြမ်းတယ်။ ဝန်ကြီးချုပ်ခွင့်ပြု ချက်ရရင်တော့ အဲ့လမ်းကို သူ တို့ပြင်နိုင်တယ်။ ကယားပြည် နယ်ဘက်ကတော့ အကုန်လုံး ပြင်ပြီးသွားပြီ” ဟု ၎င်းက ပြော သည်။

ယင်းကျန်ရှိသည့်လမ်းပိုင်း ၉ ဒသမ ၇ ကီလိုမီတာကို ပြုပြင် ပြီးပါက BP 13 ဂိတ်ကို အပြည် ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ်ဖွင့် ရန် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ရှိလွိုင်ကော် မြို့နှင့် ထိုင်းနယ်စပ်ရှိမယ်ဟောင် ဆောင်မြို့ကို ညီမမြို့တော်အဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လ(၉)ရက် တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်းဖြစ်သည်။

အဆိုပါဂိတ်ပေါက်မှ ထိုင်း နှင့် မြန်မာနိုင်ငံသားများကိုသာ လည်ပတ်ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများကို Entry Permit Visa ဖြင့် လွိုင်ကော် အထိဝင်ရောက်လည်ပတ်ခွင့်ပေး သွားမည်ဖြစ်ကာ တတိယနိုင်ငံ သားများအနေဖြင့် လည်ပတ်ခွင့် မရရှိသေးကြောင်း သိရသည်။

Travelling_Journal

Photo_Facebook