မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ်မည်

၂၀၂၀ ခုနှစ်က မြန်မာ့ခရီးသွားဘဏ်၏စတုတ္ထမြောက် ဖွင့်လှစ် ခဲ့သည့် မြ၀တီဘဏ် ခွဲဖွင့်လှစ် မှုပုံရိပ်တစ်ချို့ကို တွေ့ရစဥ်။ #Travelling Journal မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုက ...
၂၀၂၀ ခုနှစ်က မြန်မာ့ခရီးသွားဘဏ်၏စတုတ္ထမြောက် ဖွင့်လှစ် ခဲ့သည့် မြ၀တီဘဏ် ခွဲဖွင့်လှစ် မှုပုံရိပ်တစ်ချို့ကို တွေ့ရစဥ်။

#Travelling Journal

မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ ဘဏ်ခွဲအဖြစ် (စျေးချိုဘဏ်ခွဲ) နှင့် (မနော်ဟရီဘဏ်ခွဲ) တို့ကို ဇူလိုင် လကုန် ပိုင်း လောက်တွင် ဖွင့်လှစ် ရန်စီစဥ် ထားပြီးဖြစ်ကြောင်း သိရသည်။


“အရင်က ဘဏ်ခွဲ (၁၀ )ခုဖွင့်ပြီးပါပြီ။ အခုဘဏ်ခွဲဖွင့်ဖို့အတွက်လည်း စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ “ဟုအဆိုပါ ဘဏ်၏ တာဝန် ရှိသူတစ်ဦးက Travelling Journal သို့ ​ပြောသည်။

မန္တလေး ဘဏ်ခွဲ နှစ် ခု ပါမည်ဆိုပါက လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ် ဘဏ်​ခွဲ​ပေါင်း ၁၂ ခုကို ဖွင့်လှစ် ထားနိုင်ပြီး ဖြစ်ကြောင်း သိရသည်။