Travelling journal
ဘားအံ မြို့နယ် ၊လှိုင်ကားကျေးရွာတွင် တည်ရှိသော ထွန့်ပတိုင် ရေကန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ များပြားလာခဲ့ကြောင်း သိရသည်။
ထွန့်ပတိုင်ရေကန်သည် ကိုဗစ်ကာလအတွင်း ဘားအံမြို့ ၏ ခရီးသွားဧည့်သည်များ သွားရောက်မှု များပြားခဲ့သည့် Tour Site တစ်ခုဖြစ်ခဲ့ကြောင်း ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသူရဦး က Travelling journal သို့ပြောသည်။
ယင်းထွန့်ပတိုင် ရေကန် တည်ရှိသည့် နယ်မြေသည့် ကျောက်ကလပ်ဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်ပေး သည့် သာသနာ့ နယ်မြေ ဖြစ်ပြီး လာရောက်လည်ပတ်ကြသည့်ဧည့်သည်များအား သတ်သတ်လွတ် တာလပေါဟင်းများဖြင့် ဧည့်ခံကျွေးမွေးနေကြောင်း သိရသည်။
ထို့ပြင်သြဂုတ်လ ၃၀ ရက်မှ စတင်ကာ ခရီးသွား ရာဇဝင်စစ်တမ်း ကောက်ယူနေခြင်းကို ဂိတ်ဝတွင် ပြုလုပ် လျက်ပြီး သြဂုတ်လ ၃၀ ရက်တနေ့တည်း၌ လူဦးရေ ၄၀၀ နီးပါး လာရောက် လည်ပတ်ခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်ကြမည့် ခရီး သွားများအနေဖြင့် ရပ်ကွက်ထောက်ခံစာ ၊ ကျန်းမာရေးထောက်ခံစာနှင့်ခရီးသွားရာဇဝင် တို့ကိုမဖြစ်မနေ ယူဆောင်လာရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှသြဂုတ်လ ၂၆ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာထားသည်။