#Travelling journal
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင် များစွာရှိရာ ပူတာအို မြို့ရှိ အမြင့်ပေ ၁၁၉၂၀ ပေရှိသော
ဖုန်ကန် ရာဇီ ရေခဲ တောင် သို့ ပြည်တွင်းခရီးသွား တစ်ချို့ တက်ရောက်မည်ဖြစ်ကြောင်း ပူတာအို အခြေစိုက် ရေခဲတောင်တက်ခရီးစဥ်များကို စီစဥ်ပေးသူ ဦးမိုးမင်းသိန်းက Travelling journal သို့ ပြောသည်။
“မိသားစု လိုက် ဒီ လအတွင်း တက်ရောက် မှာပါ။ နောက်လမှာလည်း ဖုန်ကန်ရာဇီ ကို တက်ရောက် ဖို့ စာရင်း ပေးထားသူတွေ ရှိပါတယ် “ဟု ပူတာအို အခြေစိုက် ရေခဲတောင်တက် ခရီးစဥ်များကို စီစဥ်ပေးသူ ဦးမိုးမင်းသိန်းက Travelling journal သို့ ပြောသည်။
ဖုန်ကန်ရာဇီ ရေခဲတောင်သည် ရေခဲတောင်များ အားလုံးထဲမှ ပူတာအိုနှင့် အနီးဆုံး တောင် ဖြစ်ပြီး သာမာန်သူများ အနေဖြင့် ရေခဲတောင်ခရီးစဥ် များကို တက်ရောက်မည်ဆိုပါက ပထမဦးဆုံး တက်ရောက် လေ့လာသင့်သည့်
တောင် ဖြစ်ကြောင်း သိရသည် ။
ပူတာအိုမြို့မှ နောက်ဆုံး ရွာဖြစ်သည့် ဇီယာဒမ်းရွာ သို့ ဆိုင် ကယ်ဖြင့် သွားရောက် မည်ဖြစ်ပြီး ဇီယာဒမ်း ရွာမှ ခြေကျင်ခရီး ဖြင့်သုံးရက်ကြာ သွားရောက် မည် ဖြစ်ကြောင်း သိရသည် ။
ဖုန်ကန်ရာဇီ ရေခဲတောင်တက်သူများအနေဖြင့်
ရေခဲတောင် ခရီးစဉ် မစခင် ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ခြင်း ၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများကို ကြိုတင်လေ့ကျင့်ထားသင့်ကြောင်း သိရသည်။
တောင် တက်ခရီးစဥ်အတွက် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ တောင် ထိ တစ်ဦး လျှင် ကုန်ကျစရိတ်မှာ ၉ သိန်းခန့် ကုန်ကျမည်ဖြစ်ကာ ကုန်ကျစရိတ်တွင် အစားအစာ နှင့် အထမ်းများ ၊ လမ်းပြ ထမင်းချက်များ ပါဝင်ကာ ညအိပ်ရန် အဆင့်သင့် ရွက်ဖျင်တဲ နှင့် အိပ်ယာလိပ်များပါဝင်ပြီး ခရီးသည်အနေဖြင့် ကိုယ်လွတ်သာ လမ်းလျှောက်ရမည်ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် အကောင်းဆုံး အချိန်မှာ နို၀င်ဘာလမှ ဧပြီလကုန်ထိသာ တက်ရောက်ရန် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
#Travelling journal
#Photo Moe Min Thein