MKT
ပြည်တွင်းဧည့်သည်များသွားရောက် လည်ပတ်မှုများသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ စကားအင်းကို ဒုတိယအင်းလေးကဲ့သို့ဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးထင်အောင်နိုင်က Travelling ဂျာနယ်သို့ ပြောသည်။
ဘုရားအများစုတည်ရှိနေသည့် စကားအင်းသည် သာယာလှပပြီး ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရန် ခရီးစဉ်တစ်ခုအနေ ဖြင့် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် ယခု ကဲ့သို့ ရှမ်းဟိုတယ်/ခရီး ဦးစီးဌာနအနေ ဖြင့် ဆောင်ရွက်လျက််ရှိနေပြီး ထင်ရှား သည့်နေရာများ၊ ပြည်တွင်းပြည်ပစိတ်ဝင် စားစွာ သွားရောက်လည်ပတ်နိုင်မည့်ခရီးစဉ်များကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ စကားအင်းနဲ့ ရှေ့မြင် နောက်မြင်တောင်ကို ကွင်းဆင်းနေပါ တယ်။ စကားအင်းပတ်လည်မှာရှိတဲ့ ကျေးရွာတွေက လက်မှုလုပ်ငန်းလုပ်ကိုင်ကြတဲ့ ရွာတွေများပါတယ်။ ဒီဘက်ကို ခရီးစဉ် တစ်ခုဖြစ် အောင်ဆောင်ရွက်သွားမှာပါ” ဟု ဦးထင်အောင်နိုင်က ပြောသည်။
၂၀၁၇ ခုနှစ်က အင်းလေးကန် အတွင်း ဧည့်သည်ဝင်ရောက်မှုမှာ သုံးသိန်း ကျော်လာရောက် လည်ပတ်ခဲ့သည့်အတွက် ဧည့်သည်ကျပ်သွားသည့် ဖြစ်စဉ်များရှိခဲ့ သည်။
စကားအင်းသည် အင်းလေးကန် ပုံစံမျိုးရှိသည့်အတွက် ဒုတိယ အင်းလေးကဲ့သို့ သွားရောက် လည်ပတ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး ခရီးစဉ်အသစ်အနေဖြင့် ဖော်ထုတ် ရခြင်းဖြစ်ကြောင်း သိရသည်။