ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့

#Travelling journal တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ ငွေဆောင်ဟို ...

#Travelling journal

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ငွေဆောင်ဟိုတယ်ခရီးညွန်ကြားမှု ဦးစီးဌာန ၏ စာရင်းများအရ သိရှိရပြီး ခရီးဝေးအပန်းဖြေ လာရောက်သူ
လူဦးရေ ၁၅၀၀ ဝန်းကျင်နှင့် အနီးအနားပတ်ဝန်းကျင်ဒေသမှ လာရောက်လည်ပတ်ကြသည့် လူဦးရေ ၁၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့သည်ဟု ဆိုသည်။

သင်္ကြန်ကာလအတွင်း ကမ်းခြေ အခြေစိုက် ဟိုတယ်အလုံးရေ ၃၆ လုံး ရှိပြီး ဟိုတယ်အခန်းပေါင်း ၁၆၀၀ ရှိကာ ဟိုတယ် ၁၅ လုံးခန့်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမည် မဖော်လိုသည့် ဟိုတယ်လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ ဧည့်သည် ရရှိမှာ ၇၀ ရာခိုင်နှုန်း လောက်ထိ ရရှိခဲ့သည်ဟု Travelling journal သို့ ပြောသည်။

” ချောင်းသာကတော့ တစ်ရက်ကို လူဦးရေ ၁၀၀၀၀ လောက် လာကြတယ်လို့သိရတယ်။ ကျွန်တော် တို့ ငွေဆောင် ကတော့ တနေ့ကို ဟိုတယ်အခန်းရောင်းချရမှုက လူဦးရေ ၁၅၀၀ လောက်ပဲ ဝင်ရောက်တယ်လို့ ပြောလို့ရတယ်” ဟု ငွေဆောင် ဟိုတယ်ခရီးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေများသို့ ၂၀၂၀ မတ်လ ၂၃ ရက်မှ စပြီးလာရောက် လည်ပတ်ခွင့်ကို ပိတ်ထားခဲ့ပြီး တစ်နှစ်ကျော် ကြာမြင့်မှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Photo ဧပြီ ၁၅ ရက်နှင့် ဧပြီ ၁၆ ရက်က လာရောက် အပန်းဖြေ ကြသည့် ခရီးသွားများကို တွေ့ရစဥ် ။