Travelling journal
ချောင်းသာ အခြေစိုက် ဖွင့်လှစ်ထားသည့် ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းဟောင်း ဦးရေ(၁၀၀ )ကို At The Sea ဟိုတယ် ပိုင်ရှင် က ပစ္စည်းငါးမျိုး ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိုတယ် ဝန်ထမ်းဦးရေ ၁၀၀ အတွက်ငွေဆောင် ကမ်းခြေ အခြေစိုက် At The Sea ဟိုတယ် ပိုင်ရှင် မိသားစု မှ ဆန် ဆီ ငရုတ် ကြက်သွန် ဆား အစ ရှိသည့် ထောက်ပံ့ကူညီ ပစ္စည်း ၅ မျိုးကို ပေးအပ်ခဲ့သည်။
” ဦး တို့ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီတာပါ။ အရင်က အဲဒီဟိုတယ်မှာ ဦး လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ နယ်ဝေးမှာ ရောက်နေတဲ့ ဝန်ထမ်းဟောင်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာပါ”ဟု At The Sea ဟိုတယ် ပိုင်ရှင် ဦးလှိုင်မွန် က Travelling journal သို့ ပြောသည်။
ချောင်းသာကမ်းခြေ စတင် ဖွင့်လှစ်ခဲ့ပြီး ပထမ ဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်တစ်ခုဖြစ်ကာ ယင်းဟိုတယ်၌ ၁၉၉၇ ခုနှစ်မှ ၂၀၁၇ အထိ နှစ်၂၀ အတွင်း ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းများအား အောက်တိုဘာ ၄ ရက် မနက်၉ နာရီတွင် ချောင်းသာကမ်းခြေ Sea Greate ၌ တစ်ဦးချင်း စီ ပေးအပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။