#Travelling journal
ကိုဗစ်ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွား လုပ်ငန်းများအား New Normal ပုံစံ ဖြင့် ပြန်လည် အသက်ဝင်လာစေရန် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံရုံးမှ မေလ ၁၄ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးDr.Iza Fadri က မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် အင်ဒိုရိုးရာ တေးသီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် အင်ဒိုနီးရှား နိုင်ငံ၏ အထင်ကရခရီးသွားနေရာများရှိ ခရီးသွားလုပ်ငန်းအား New Normal ပုံစံဖြင့် ပြင်ဆင် ဆောင်ရွက် ထားသည့် မြင်ကွင်းများကို ဗီဒီယို ဖိုင်များဖြင့် ပြသခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်တွင်းခရီးသွား ကုမ္ပဏီ များနှင့် မီဒီယာများ၊ အင်ဒိုနီးရှား နိုင်ငံတကာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊Andalas University မှ စကော်လာရှစ် ဆုရရှိထားသူများလည်း တက်ရောက်ခဲ့ကြောင်း သိရ သည်။