MKT
လက်ရှိ ဘုရားပွဲတော် ကျင်းပနေသည့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော်အား တောင်ပိတ်ပွဲတော်ကျင်းပမည့် မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရ က စီစဉ်ထားပြီးဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထိပ်တန်း တာ၀န်ရှိသူ တစ်ဦးက Travelling Journal သို့ အတိ အလင်း ပြောကြားခဲ့သည်။
’’ပြောချင်တာက ကျိုက်ထီးရိုးဘုရားပွဲတော်ကို တောင်ဖွင့်ပွဲဆိုပြီးတော့ သီတင်းကျွတ်လပြည့်နေ့ဆို လုပ်တယ်။ ပုံမှန်က ကဆုန်လပြည့်နေ့ဆို တောင်ပိတ်ပွဲတော် ရှိတယ် ။ကဆုန်လပြည့်နေ့က မေလ ၆ ရက်နေ့ကျပါတယ်။ ဒါပေမဲ့ပိတ်ရိုးပိတ်စဉ် ပိတ်ဖို့ ဆိုပေမယ့် နိုင်ငံတော်က ညွန်ကြားချက်တွေလည်းရှိတယ်။ ကိုဗစ် ဗိုင်းရပ်စ်ပိုး ကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ပိတ်ရိုးပိတ်စဉ်ကို မေလ ၆ ရက်မတိုင်ခင် တစ်လခွဲလောက်စောပြီး ပိတ်ဖို့ရှိပါတယ်၊ အဲဒါက comfirm ဖြစ်ပါတယ်။ တောင်ပေါ်မှာ လူကုန်သွားပြီဆိုတာနဲ့ တကယ် ပိတ်လိုက်ပြီဆိုရင် ထပ်ပြီိး အကြောင်းကြားပေးပါမယ် ’’ဟု Travelling Journal သို့ ပြောကြားခဲ့သည်။
လက်ရှိအနေအထားတွင် ဘုရားဖူးလာဖူးနေသည့် သူများလည်းရှိနေပြီး ဘုရားဖူးနည်းပါးသွားပြီဖြစ်ကြောင်းတောင်ပေါ် နှင့်တောင်ခြေ များ၌ အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ၀န်ကြီးမှ ဦးဆောင်ကာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
‘’လက်ရှိကျိုက်ထီးရိုးဘုရားသွားနေတာက ပါးတယ်။ ရန်ကုန်မြို့ က ဘုရားဖူးကား ပေါင်းထွက်တာက လူ ၃၀တောင်မပြည့်ပါဘူး။ လက်ရှိမှာက ခရီးစဉ်တွေကိုတော့ရောင်းနေဆဲပါပဲ။ ကျိုက်ထီးရိုးဘုရားက ရာသီပတ်လုံးသွားလို့ရတဲ့ နေရာပါ။ စည်စည်ကားကားကြီး ၀ရုန်းသုံးကားတော့မဟုတ်ဘူးဟ၊ ရန်ကုန်ကနေ ဘုရားဖူးသွားတဲ့ကားက လေးငါး ဆယ်စီးလောက်သာ နေ့စဉ်ထွက်တယ်။ ဒါပေမယ့် အဲဒီလို ထွက်တာက တစ်စီးမှာ လူ ၂၀ ၊၃၀
ထက်မရှိဘူး။ လောလောဆယ် ဖြစ်နေတာကိုပြောပြတာ။ ကားတွေ ပေါင်းပြီး စုပေါင်းထွက်မှ သာ တစ်စီးတောင်မပြည့်တဲ့ အနေအထားရှိနေတဲ့ အဆင့်လောက်ပဲရှိနေတယ်။ အခုအနေအထားက ခရီးသွားကိုစုပေါင်းပြီးလုပ်နေရတဲ့အခြေအနေ’’ဟုပြည်တွင်းဘုရားဖူးနှင့် ခရီးသွား၀န်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက Travelling Journal သို့ ပြောသည်။
” ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့ဘုတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကိစ္စကလည်း စစချင်းရက်ဖြစ်တာရယ်၊တောင်တက်ကားက မနက်၆ နာရီကနေ ည၆ နာရီဖွင့်ပါတယ်။ အဲဒါကို မြူတွေကျနေတာကြောင့် ဆရာတွေက လမ်းခရီးအဆင်မပြေမှာစိုးလို့ ကားကို ၈ နာရီ ၉ နာရီလောက်မှာ ပေးထွက်တယ်။မနက် ၆နာရီရောက်တဲ့ လူတွေက အုံနေကြတယ်။
အဲဒီရက်ကလည်း တင်္နလာ ရက်ကြီးထင်တယ်။ တောင်တက်ကားပေါ်တက်မဲ့သူတွေကို အပူချိန် တိုင်းတာနဲ့ စစ်တဲ့အချိန်မှာ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာဖြစ်တယ်၊ လူအရမ်းများနေတဲ့ ပုံစံမျိုးဖြစ်သွားတယ်’’ဟု မွန်အစိုးရ အဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူကလည်း ဖေ့ဘုတ်စ်ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံကိစ္စနှင့်ပတ်သက်ပြီး Travelling Journal သို့ ရှင်းပြခဲ့သည်။