ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ပုဂံဘုရား ၁၉ ဆူကို စတင် ဖူးမြှော် နိုင်

#Travelling journal ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသအတွင်းရှိ ပုဂံဘုရား ၁၉ ဆူကို ဖေဖေါ်ဝါရီ ၈ရက်မှ စတင် ဖူးမြှော် နိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travell ...

#Travelling journal

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသအတွင်းရှိ ပုဂံဘုရား ၁၉ ဆူကို ဖေဖေါ်ဝါရီ ၈ရက်မှ စတင် ဖူးမြှော် နိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။

လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်စစ်ဆေးမှုများကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးဖြစ်သလို ကျန်းမာရေး ဝန်ကြီးဌာန ၏လမ်းညွန်ချက်နှင့်အတူဖွင့်လှစ်သွားခြင်းဖြစ် ကြောင်း သိရသည်။

” မနက်ဖြန် ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင်ပြီးတာနဲ့ ပုဂံဘုရား ၁၉ ဆူကို Social Distancing နဲ့အညီ ဖွင့်ပေးမှာဖြစ်ပါတယ် “ဟု ညောင်ဦးခရိုင် အုပ် ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။

ပုဂံဘုရားများပြန်လည်ဖွင့်လှစ်သွားရန် အတွက် ဖေဖေါ်ဝါရီ ၆ရက်တွင် ဌာနဆိုင်ရာများ၊ ဂေါပက များ နှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

” ဖေဖေါ်ဝါရီ ၈ ရက်နေ့ ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင် ၊ ဆရာတော်ကြီးတို့က ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီးမှ ပြည်သူကို ဖူး မြှော်ခွင့်ပြုမှာ ဖြစ်ပါတယ် “ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာန ( ပုဂံဌာနခွဲ)မှ ဒုတိယညွန်ကြားရေးမှူး
ဦးမြင့်သန်းက Travelling journal သို့ ပြောသည်။

ထို့ပြင် ဘုရားများဖူးမြှော်ခွင့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွန်ချက်များအတိုင်း ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မနက်ပိုင်း နှင့် နေ့လည် ပိုင်း သတ်မှတ်ကာ အချိန် အပိုင်းလိုက် ဖူးမြှော်နိုင် ရန် ပြင်ဆင် ဆောင်ရွက် ထား​ကြောင်းသိရသည်။
ပုဂံဒေသရှိဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင် လ၂၉ ရက်မှ စတင်ပိတ်ထားခဲ့ကြောင်း သိရသည