Travelling journal
ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ်အကြာတွင် ကမ်းခြေအခြေစိုက်ဟိုတယ်များ လျှပ်စစ်မီးရရှိတော့မည် ဖြစ်ကြောင်း ချောင်းသာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦး က Travelling journal သို့ ပြောသည်။
ချောင်းသာကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ၂၆ တိုင် လျှပ်စစ်မီးမရရှိဘဲ ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှသိရသည်။
“လောလောဆယ်ချောင်းသာမြို့မှာ ရှိတဲ့ လူနေရပ်ကွက်တွေကတော့ နေ့ညလျှပ်စစ်မီးတွေ ထိန် လင်းနေကြတယ်။အရင်ကဆို လမ်းမီးတွေက မှောင်မဲနေတာ။ အခုဆို လင်းထိန် နေပြီ”ဟု ဦးမင်းကျော်ဦး က ပြောသည်။
မကြာမီ တွင် ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်များလည်း လျှပ်စစ်မီးရရှိလာတော့မည်ဖြစ်ပြီး လာရောက်လည်ပတ်သောဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
” ပင်လယ်ကမ်းခြေကိုသဘောကျလို့ ရန်ကုန်ကနေ ဇက်၂ဆင့်ဖြတ်၊လျှပ်စစ်မီးမရှိ၊လမ်းကလည်းမကောင်း၊ဝါသနာအရင်းတည်ပြီး၊ဒီလိုအခြေအနေမှာရင်းနှီးမြုပ်နှံခဲ့တာရူးသွပ်တဲ့စိတ်တစ်ခုထဲပေါ့၊အခြားနေရာမှာရင်းနှီးမြုပ်နှံတဲ့သူတွေဒီထက်အဆင်ပြေတာတွေ့ရတယ်။
ဘာပဲပြောပြော ယခုအချိန်မှာဒီလိုအနေအထားရောက်ခဲ့တော့ကျေးဇူးတင်ရပါတယ်။ ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက်တော့ကိုယ်ထူမှကိုယ်ထရတဲ့ ဘဝကတော့ မလွတ်သေးပါဘူး။ထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီးနိုင်ငံသားလုပ်ငန်းရှင်များရနိုင်တဲ့အခွင့်အရေးများမဖြစ်နိုင်သေးတော့နိုင်ငံနဲ့အတူတာဝန်သိတဲ့လုပ်ငန်းရှင်များအဖြစ်ဂုဏ်ယူစွာနဲ့ဆက်လက်လျှောက်လှမ်းကြမှာဖြစ်ပါတယ်”ဟုGrand hotel ပိုင်ရှင်လည်းဖြစ်သူ
ဦးမင်းကျော်ဦး က Travelling journal သို့ပြောသည်။
လက်ရှိတွင် ချောင်းသာဟိုတယ်ဇုန်တွင်ဟိုတယ်အသင်းဝင် ဟိုတယ်အလုံးရေ ၃၅ လုံးရှိပြီး တည်းခိုခန်းနှင့်အုန်းတောအခြေစိုက်တည်းခိုခန်းများပါဝင်မည်ဆိုပါက အလုံးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
” အခုလို မီးရတော့မယ်ဆိုတော့ အလွန်ဝမ်းသာစရာပါ။ ဟိုတယ်တွေတော့ ရဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ကမ်းခြေဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကလည်း Travelling journal သို့ ပြောသည်။